တောဝက်ဘောလုံးအသင်း ဖြစ်ရပ်မှန် ဇတ်လမ်းရုပ်ရှင်ရိုက်ကူးခွင့် အတွက် ဒေါ်လာ ၁.၅ သန်ကို ဘော်လုံးအသင်းဝင်များ အားပေးအပ်

October14,2018

အမေရိကန် နိုင်ငံ နံမည်ကျော် Universal Pictures ရုပ်ရှင်ကုမ္ပ ဏီ က မူပိုင်ရိုက်ကူးခွင့်ရသွားခဲ့တဲ့ ထိုင်းမြန်မာ နယ်စပ်.ချင်းရိုင်ခရိုင် မဲဆိုင်မြို့ အနီးက နမ်းနနွမ် ကျောက်လှိုင်ဂူအတွင်း ပိတ်မိနေခဲ့တဲ့ တော်ဝက်ဘော်လုံးအသင်းသားတွေကို ကယ်တင်ခဲ့ရတဲ့ဇတ်လမ်းကို ရိုက်ကူးမှာဖြစ်ပါတယ်။

ဖြစ်ရပ်မှန် ဇတ်လမ်းတွေရိုက်ကူးရာမှာ နာမည်ကြီး သူ တွေဖြစ်တဲ့ မိုက်ကယ် ဒီလူကာ Michael DeLuca (ရုပ်ရှင်ဒါရိုက်တာ နဲ့  ထုတ်လုပ်သူ) နဲ့အတူ ဒေ့ဘရုစ် Dave Bruce (ဇတ်လမ်းရေးသူ) တို့ နှစ်ဦးကနေ တာဝန်ယူရိုက်ကူးတော့မှာဖြစ်ပါတယ်။မိုက်ကယ်ဒီလူကာရဲ့  Captain Phillips (2013) သင်္ဘောဓါးပြတွေရဲ့  ဖြစ်ရပ်မှန်ရုပ်ရှင်ဟာ
နိုင်ငံတကာမှာ ပြသာခဲ့ရာမှာ ၀င်ငွေ ဒေါ်လာ သန်းပေါင်း ၂၁၈ သန်း $218.8 million,ရခဲ့ပါတယ်။

ကမ္ကာကျော်ဟောလိဝုဒ်အနုပညာရှင်တွေရိုက်ကူးကြမယ့် တောဝက် ရုပ်ရှင်The 13 wild boar teamsရုပ်ရှင်ဟာ လည်း နိုင်ငံတကာစိတ်ဝင်စားဆုံး ဇတ်လမ်းဖြစ်တာကြောင့် ၀င်ငွေအများဆုံးရမယ့် ရုပ်ရှင်ကားကောင်းဖြစ်လာမှာဖြစ်ပါတယ်။အခုလို တောဝက် ဘော်လုံးအသင်း မူပိုင်ရိုက်ကူးခွင့်ပြုခဲ့လို့  တောဝက်ဘော်လုံးအသင်းသား၁၃ ဦးအတွက် ဒေါ်လာ ၁.၅ သန်းကို (ဘတ်ငွေ ၄၉ သန်း) တောဝက်အသင်းကို အလှူငွေ အဖြစ် ပေးခဲ့ကြောင်း သိရပါတယ်။

လှိုင်ဂူထဲမှာ ပိတ်မိခဲ့တဲ့တောဝက်ဘောလုံးအသင်းဝင် ၁၃ဦးထဲမှာမြန်မာနိုင်ငံက နိုင်ငံမဲ့ ကလေးနဲ့ လူငယ်လေးဦးပါဝင်တယ် ။တောဝက်ဘောလုံးအသင်း သား ၁၃ ဦးဟာ အမေရိကန်နိုင်ငံမှာ ရောက်ရှိခဲ့ပြီး နာမည်ကြီးရုပ်သံလိုင်းမီဒီယာတွေနဲ့  တွေဆုံးခန်းတွေပြလုပ်ခဲ့ပြီးအခုအခါ အာဂျင်တီးနားနိုင်ငံBUENOSမြို့မှာ ကျင်းပနေတဲ့ လူငယ်အားကစား အိုလံပစ် ပွဲတော်မှာ ရောက်ရှိနေပါတယ် ။

SAW

Loading...

Facebook Comments