၎ယောက်နဲ့ သားအဖ၇ယောက် အပြန်အလှန် ရိုက်ကြရာမှ ဖြစ်ခဲ့တဲ့ လူသတ်မှု

မော်လမြိုင် ကျောက်တန်းကျွန်းအနီးမှာ ဖြစ်ခဲ့တဲ့သံလွင်မြစ်အတွင်း တံငါသည်လေးဦးနှင့် သားအဖ(၇) ဦး အပြန်အလှန် ရိုက်ကြရာမှ ဖြစ်ခဲ့တဲ့ လူသတ်မှုတရားခံသားအဖ(၇)ဦးအနက် ဖခင်ဖြစ်သူ ဝင်းဗိုလ် ဆိုသူအား ဖမ်းဆီး ရမိထားပြီး သား (၆)ဦးကိုတော့ ရဲတပ်ဖွဲ့မှ လိုက်လံဖမ်း ဆီးလျှက်ရှိကြောင်း သိရပါတယ်။ဖြစ်စဉ်အကျဉ်းကတော့ တံငါလုပ်ငန်းရိုးသားစွာ ငါးဖမ်း ပြီးနဲ့ အသက်မွေးကြရတဲ့ကျောက်တန်းဒေသခံမိသားစု နဲ့ ကျောက်တန်းကျွန်းအနီး သံလွင်မြစ်အတွင်း မသမာတဲ့ ဆေးချနည်းလမ်းနဲ့ ငါးပုဇွန်လာဖမ်းတဲ့ တံငါသည်တွေ အချင်းများကြရာကနေ ရိုက်ပွဲတွေဖြစ်ကြပြီး လူသတ်မှုတွေပါ ဖြစ်ခဲ့တဲ့ အထိဖြစ်ခဲ့ရတာပါ။

မော်လမြိုင်မြို့ ကျောက်တန်းကျွန်းအနီး အောက်တိုဘာ ၁၀ ရက်နေ့က သံလွင်မြစ်အတွင်း ဆေးဖြန်းပြီး ငါးပုဇွန်ဖမ်းသည့် ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာနေ မောင်အေး (၂၈ နှစ်)၊ အောင်သူ (၁၆ နှစ်) ဒလမြို့နယ်နေသူ ကိုမောင်ထွေး (၂၂ နှစ်)၊ ကိုညှပ်ကြီး (၂၈ နှစ်) တို့လေးဦးသည် မသမာနည်းလမ်းဖြင့် ဆေးဖြန်း၍ ပုဇွန် လာဖမ်းစဉ် ကျောက်တန်းကျေးရွာ၊ အောက်ပိုင်းနေ တံငါလုပ်ကိုင်သူ ဝင်းဗိုလ်မှ တားဆီးစဉ် ဆေးချဖမ်းသူ များမှ ကိုဝင်းဗိုလ်အား လေးခွ မှိန်းများဖြင့် တိုက်ခိုက်ခဲ့ သဖြင့် ကိုဝင်းဗိုလ်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကျွန်းပေါ်မှ သား ၆ ဦးအား ပြန်ခေါ်ပြီး အပြန်အလှန်ရိုက်ပွဲ ဖြစ်ကြရာမှ တဖက်တံငါသည် ၄ဦးမှ တစ်ဦးသေဆုံး(အလောင်းတွေ့) နှစ်ဦးပျောက်ဆုံးနေပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း သိရှိရပါတယ်။

လွတ်မြောက်ခဲ့သူမှာ အောင်သူ ဆိုသူဖြစ်ပြီး တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် ရိုက်နှက်နေစဉ် ၄င်းမှာစက်လှေပေါ်မှ ရေထဲပြုတ်ကျခဲ့ပြီး ငါးဖမ်းစက်လှေတစ်စီးကတွေ့၍ ဆယ်ယူပြီးကော့မုပွန်ကျေးရွာရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းအလောင်းပြန်တွေ့ရသူမှာ ကိုညှပ်ကြီးဆိုသူဖြစ်ပြီးအောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီခန့်က သံလွင်မြစ် ကျောက်တန်းကျွန်းရေလယ်တွင် အလောင်းတစ်လောင်းတွေ့ရှိကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ကိုညှပ်ကြီးဆိုသူဖြစ်ကြောင်း သိရှိရပြီး မောင်အေး နှင့် မောင်ထွေးဆိုသူမှာ ယခုချိန်ထိ မြစ်ပြင်အတွင်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းကြားသိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ မော်လမြိုင်မြို့ ကျောက်တန်းကျေးရွာ ဒေသခံ Misat Hmu မှ ၄င်း၏ လူမှုကွန်ယက်တွင် ငါးလုပ်ငန်းဦးစီးဌာနကို လိပ်မူပြီးယခုလိုရေးသားတင်ပြထားတာကို တွေ့ရှိရပါတယ်။

” မော်လမြိုင်ငါးလုပ်ငန်းဦးစီးများသိစေရန် ”

ကျွန်တော်တို့ရဲ့ကျောက်တန်းကျေးရွာ/ရပ်ကွက်ဆိုတာသံလွင်မြစ်ကို အမှီပြု နေထိုင်နေတဲ့ စိမ်းလန်းစိုပြေနေထိုင်စရာကောင်းတဲ့ ရွာလေးတစ်ရွာလို့ ကျွန်တော်ရဲရဲကြီးဝန်ခံပါရစေဗျာ …ကျွန်တော်တို့ရဲ့ကျောက်တန်းသူ/သားတွေရဲ့အသက် မွေးဝမ်းကျောင်းက သံလွင်မြစ်/သံလွင်ဈေးနဲ့ ထိုင်းနိုင်ငံပါဘဲ။မြစ်အတွင်း ငါးဖမ်းလုပ်ကိုင်နေတဲ့သူတွေက တစ်နေ့တစ်ခြား ရှားပါးလာတဲ့ ငါးလုပ်ငန်းကိုစွန့်ပြီး ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကို ဒုနဲ့ဒေသွားရောက်လုပ်ကိုင်စားသောက်နေရပါတယ်။ ကျေးရွာအတွင်းမှာ ကျန်ရစ်
နေခဲ့တဲ့ မိအိုဖအိုတွေက မြေးတွေထိန်းပြီး သားသ္မီးအလုပ်အကိုင် အဆင်ပြေအောင် တစ်ဖတ်တစ်လမ်းကကူညီပေးနေရပါတယ်။

တချို့အမျိုးသမီးတွေက သံလွင်ဈေးက ငါးတွေဝယ်ယူရောင်းချစားသောက်ပြီး မိသားစုဘဝတွေကို ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ အဓိကမှီခိုနေတာကသံလွင်မြစ်ထဲကငါးလုပ်ငန်းပါ။ ငါးမရရင် ရွာမစည်ကားဘူးဆိုတာ ကျွန် တော်တို့ရွာရဲ့ အစွဲလိုဖြစ်နေပါပြီ။
ငါးရရင် အလှူအတမ်းတွေပေါးများပြီး စည်ကားသိုက်မြိုက်စွာ ရဟန်းခံရှင်ပြုအလှူ တော်မင်္ဂလာတွေကို ဗုဒ္ဓဘာသာထွန်းကားတဲ့ အရပ်ပီပီ ကျင်းပပြုလုပ်နေလျှက်ပါ။

အခုတော့မသမာသူတွေက ဆေးချပြီး ငါးပုဇွန်လာရောက်ဖမ်းစီးနေတဲ့အချိန်မှာ ရိုးသားစွာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုဝင်းဗိုလ်က တွေ့ရှိသွားတဲ့အချိန်မှာ တားဆီး ပိတ်ပင်ခဲ့တဲ့အတွက် ဆေးချငါးဖမ်းတဲ့သူလေး ယောက်က ကိုဝင်းဗိုလ်ကို လေးခွ/မှိန်းနဲတိုက်ခိုက်ခဲ့လို့ ကိုဝင်းဗိုလ်ရဲ့ သွားသုံးချောင်းကျိုခဲ့ပြီး ရင်ဘတ်မှာလဲဒဏ်ရာများရရှိခဲ့ပါတယ်။ထို့ကြောင်ကိုဝင်းဗိုလ်မှ မကျေမနပ်ဖြစ်ပြီး ကျွန်းပေါ်ရှိတဲးအတွင်းနေထိုင်သော သားများကိုခေါ်ဆိုပြီး ခိုက်ရန် ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက်ခိုက်ရန်ဖြစ်ပွားမှုကြောင့်တစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးခဲ့တယ်လို့သိရပါတယ်။

ဒီလိုအဖြစ်အပျက်တွေဖြစ်ရခြင်းက ငါးလုပ်ငန်ဦးစီးဌာန မှာတာဝန်အပြည့်ရှိတယ်လို့ကျွန်တော်ယူဆပါတယ်။ ငါးလုပ်ငန်းဦးစီးတွေရဲ့ ညံ့ဖျင်းမှုကြောင့် ကျွန်တော်တို့မြစ်အတွင်းမှာ နေရာလု ခိုက်ရန်ဖြစ်ပွားခြင်းတွေဖြစ်နေတာကြာပါပြီ။အခုနိုင်ငံတော်ကတားမြစ်ထားတဲ့ အဆိပ်ချငါးဖမ်းခြင်း ကြောင့် လူသတ်မှုတွေဖြစ်ခဲ့ရပါပြီ။ အဆိပ်ချငါးဖမ်းတဲ့သူတွေကို ငါးလုပ်ငန်းက ပြင်းပြင်းထန်ထန်ကာကွယ်ခဲ့ရင် အခုလိုအဖြစ်မျိုး ဖြစ်လာစရာမရှိပါဘူး။ငါးလုပ်ငန်းဦးစီးလို့သာနာမည်ပေးထာတာ ဘယ်ငါးကဘယ်လို့ဆိုတာ သိတောင်သိမှာ မဟုတ်ပါဘူး။ ဘယ်ကျားပိုက်က ဘယ်လောက်ပေးလဲ ဘယ်ဆွဲးပိုက်ကဘယ်လောက်ပေးလဲ ဒါတွေဘဲသိမှာပါကွာ “ဟု ရင်ဖွင့် ထားတာကို တွေ့ရပါတယ်။

အဆိုပါ လူသတ်မှုဖြစ်စဉ်မှ ဝင်းဗိုလ် နှင့် ၎င်း၏သား ၆ ဦးကို မုပွန်နယ်မြေရဲစခန်းမှ (ပ) ၉၂၆/ ၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၁၁၄ အရအမှုဖွင့်အရေးယူပြီး ဝင်းဗိုလ်အား ဖမ်းဆီးရမိထားပြီး ကျန်သား(၆)ဦးအား ဖမ်းဆီးရမိရေး မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံး မှုခင်းအကူဌာနစုနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

Zin Moe

Loading...

Facebook Comments