ပရိသတ်တွေ စိတ်မပူကြဖို့ပြောတဲ့ ဦးမိုးဒီ

အာက်တိုဘာ ၁၂ ရက်ညက သရုပ်ဆောင်ဦးမိုးဒီ နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ဆုံးပါးသွားသည်ဟူသောသတင်း များပျံ့နှံ့ခဲ့သော်လည်း အသက် ရှင်လျက်ကျန်းကျန်းမာမာရှိနေ ကြောင်း ဦးမိုးဒီကပြောသည်။

‘‘အဲဒါ ကျွန်တော့်ကိုတော့ ဦးမိုးဒီရေ၊ဦးမိုးဒီဆုံးပြီဆိုပြီး ဖေ့စ် ဘွတ်ခ်မှာသတင်းတွေတက်လာ တယ်တဲ့။ အခုပြောနေတာ ဦးမိုးဒီ လားတဲ့။ ဟုတ်ပါတယ်ဆိုတော့ အသံကြားရတာနဲ့တင် ၀မ်းသာ လှပါပြီတဲ့။ မဖြစ်စေချင်ပါဘူးတဲ့။ ဘယ်လိုလူမျိုးက တင်လဲတော့ မသိဘူး။ ဘာလို့တင်လဲ ဆို တာလည်းမသိဘူး။ သူ့ရည်ရွယ် ချက်နဲ့သူရှိမှာပေါ့နော်။ ဒါပေမဲ့ ဒါကို သည်းခံရမှာက ကျွန် တော်တို့အနုပညာသမားတွေရဲ့ အလုပ်လေ။ သည်းခံရမယ်ဆိုတဲ့ ကျွန်တော်တို့ဗီဇကပါလာတယ်။ ဆဲလည်းသည်းခံ၊ ဆိုလည်း သည်းခံလေ’’ ဟု ၎င်းကပြော သည်။

၎င်းကိုစိတ်ပူပြီး ဖုန်းဆက် မေးသည့် ပရိသတ်များနှင့် အသိ မိတ်ဆွေများအား ကျေးဇူးတင် ကြောင်း ပြောသည်။

‘‘ကိုယ့်ကို စိတ်ပူပြီးဖုန်း ဆက်မေးကြတဲ့အတွက် ကိုယ့်အ ပေါ်မှာ မေတ္တာရှိတဲ့သူတွေများပါ လားလို့ တွေးမိတယ်။ သူတို့စေ တနာ၊ မေတ္တာတွေကြောင့် ငါဒီ လိုအသက်ရှည်ရှည်နေနိုင်တာပဲ ဆိုပြီးတွေးမိတယ်။ အားလုံးကို ကျေးဇူးတင်တယ်။ အားလုံးကို လည်း မေတ္တာတုံ့ပြန်ပါတယ်။ ကျွန်တော်လောလောဆယ် ဒီနေ့ ဒီရက်ထိ အသက်ရှင်လျက်ကျန်း ကျန်းမာမာရှိပါတယ်။ စိတ်မပူ ကြပါနဲ့လို့’’ ဟု ဦးမိုးဒီက ပြော သည်။ ၎င်းသည် အောက်တိုဘာ ၁၃ ရက်တွင် နှင်းဆီကုန်းဘိုး ဘွားရိပ်သာ၌ ပြုလုပ်သည့်ရုပ်ရှင် သက်ကြီးပူဇော်ပွဲသို့လည်း တက် ရောက်ခဲ့သည်။

Credit:http://www.7daydaily.com

Loading...

Facebook Comments