ခြိမ့်ကေကိုဟာ သူတို့ရဲ့ အိုင်ဒေါဖြစ်ကြောင်း မမရေလွမ်းလို့ သီချင်းနဲ့ သက်သေပြလိုက်တဲ့ ယုန်လေးနဲ့ မိုးမိုး

နိုင်ငံကျော်အဆိုတော် ယုန်လေးနဲ့ မိုးမိုးတို့ဟာ မနေ့ညပိုင်းက သူတို့ရဲ့ အိုင်ဒေါဖြစ်တဲ့ Banana ရဲ့ မမရေလွမ်းလို့ ဆိုတဲ့သီချင်းကို သီဆိုပြခဲ့ပါတယ်။

ချိမ့်ကေကိုဟာ မြန်မာအိုင်ဒေါပြိုင်ပွဲမှာ မြန်မာပြည်သိန်းတန်ရဲ့ ငှက်ပျောသီးကျွေးခံခဲ့ရတဲ့ တစ်ဦးတည်းသော ပြိုင်ပွဲဝင်ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ချိမ့်ကေကိုကို ပရိသတ်တွေက Banana ဆိုပြီးနာမည်မည့်ခေါ်ခဲ့ကြတာဖြစ်ပါတယ်။ Banana ဟာ သူ့ရဲ့ ဖေ့ဘုတ် စာမျက်နှာထက်ကနေ မကြာခဏ Live လွှင့်လေ့ရှိသူလည်းဖြစ်ပါတယ်။

တေးရေး ကျော်မင်းဟန်ရေးသားထားပြီး Banana သီဆိုထားတဲ့ ပထမဆုံးသီချင်းလေး ထွက်လာခဲ့ပါတယ်။ မမရေလွမ်းလို့ ဆိုတဲ့သီချင်းဖြစ်ပြီး ထိုသီချင်းလေးကို Cover Song အဖြစ် လိုက်သီဆိုခဲ့သူ တော်တော်များများရှိလာခဲ့ပါတယ်။ Banana ဟာ မမရေလွမ်းလို့ ဆိုတဲ့သီချင်းကို MTV ရိုက်ကူးဖို့အတွက် တေးရေးဆရာ ကျော်မင်းဟန်နဲ့ အဆင်မပြေမှုတချို့တွေဖြစ်ပွားခဲ့ပါတယ်။

တေးရေးဆရာ ကျော်မင်းဟန်ကတော့ ပြန်လည်တောင်းပန်မယ်ဆိုရင် ဒီသီချင်းလေးကို MTV ဆက်လက်ရိုက်ကူးဖို့ခွင့်ပြုမယ့်အကြောင်းပြောထားပြီးတော့ တေးရေး ကျော်မင်းဟန်ကိုလည်း Banana က ဖေ့ဘုတ်ကနေ Block ထားကြောင်း မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ ဖြေကြားထားပါသေတးယ်။

မနေ့ညက နိုင်ငံကျော်အဆိုတော် ယုန်လေးနဲ့ မိုးမိုးတို့ဟာ Banana က သူတို့ရဲ့ အိုင်ဒေါဖြစ်ကြောင်းပြောကြားပြီး Banana ရဲ့ ပထမဆုံးသီချင်းဖြစ်တဲ့ မမရေလွမ်းလို့ဆိုတဲ့သီချင်းကို ဆိုပြခဲ့ကြတာဖြစ်ပါတယ်။ သီချင်းအဆုံးမှာတော့ We Love Banana ဆိုပြီး ခြိမ့်ကေကို ဘက်ကနေ ရပ်တည်အားပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ ယုန်လေးနဲ့ မိုးမိုးတို့ရဲ့ မမရေလွမ်းလို့ သီချင်းလေးကို နားထောင်ဖို့ ယခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele

မမရေလွမ်းလို့

Video Source-Yone Lay

 

Loading...

Facebook Comments