ညီလေးမင်းသွေး ကွယ်လွန်ပြီးတဲ့နောက် ပရိသတ်တွေရှေ့ ပထမဆုံးပြန်ထွက်လာခဲ့တဲ့ နေတိုး

နာမည်ကျော်သရုပ်ဆောင် နေတိုးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ(၃)ရက်နေ့က ကွယ်လွန်သွားတဲ့ ညီလေးဖြစ်သူ သရုပ်ဆောင်မင်းသွေးအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်သလို ညီလေးရဲ့ နာရေးကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားတာပဲ ဖြစ်ပါတယ်..။

ချစ်ခင်မြတ်နိုးရသူ မိသားစုဝင်တစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးသွားလို့ ရင်ထဲမှာ ဝမ်းနည်းလစ်ဟာနေပေမယ့်လည်း နာရေးလေးကို တည်ငြိမ်စွာနဲ့ ပြုလုပ်ပေးခဲ့ကြတဲ့ နေတိုးတို့မိသားစုရဲ့ ပုံရိပ်လေးတွေကတော့ တကယ့်ကို ချီးကျူးစရာပါပဲနော်..။

မင်းသွေးရဲ့ နာရေးအတွက် အလုပ်တွေများနေခဲ့တဲ့ နေတိုးကတော့ ယနေ့အောက်တိုဘာ(၁၃) ရက်နေ့မှာတော့ ပရိသတ်တွေရှေ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်..။

ယနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ (၉၈) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်အခမ်းအနား နှင့် (၅၅) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားကို တတ်ရောက်လာတာ ဖြစ်ပါတယ်..။

ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းထားသလို အခမ်းအနားပွဲတတ်ရောက်ရင်း အင်တာဗျူးတွေကိုလည်း ဖြေဆိုသွားတာကိုလည်း တွေ့ရပါတယ်..။

ညီလေးရဲ့ နာရေးကြောင့်အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ နေတိုးကတော့ လာမယ့် အောက်တိုဘာ (၂၅) ရက်နေ့ နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို စတင်ပြီး ပြန်လည်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်..။

Photo – Wai Min Maung၊ Win Ni Aung

Loading...

Facebook Comments