အနုပညာမလုပ်ခင် စားဝတ်နေရေးအတွက် လုပ်ခဲ့ရတဲ့ အလုပ်အကြောင်း ပြောပြလိုက်တဲ့ အေးမြတ်သူ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး အေးမြတ်သူဟာဆိုရင် အရပ်ရှည်ပြီး အချိုးကျတဲ့ ကိုယ်လုံးလေးနဲ့ ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး တစ်ယောက်ဖြစ်တာကြောင့် ပုရိသတွေရဲ့အသည်းကို ဖမ်းစားထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ သူမကတော့ ကောင်းမွန်တဲ့ အနုပညာတွေလှုပ်ရှားမှုတွေကို ပရိသတ်တွေရင်ထဲရောက်အောင် ရသမျိုးစုံနဲ့ ချပြပေးနိုင်ခဲ့မင်းသမီးချောလေး တစ်ယောက်ဖြစ်တာကြောင့် အများရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့ရတာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ သူမကတော့ အထည်တွေများစွာကြားထဲက သူမရဲ့ပုံလေးကို တင်ပေးရင်း အရင်အလုပ်လုပ်ခဲ့ရတဲ့ အကြောင်းလေးကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။

သူမရဲ့ အရင်အကြောင်းလေးကို ပြောပြထားတဲ့ စာသားလေးကတော့ ” ဒီပုံလေးကြည့်မိတော့ … ငယ်ငယ်က အထည်တွေရောင်းခဲ့တာ သတိရမိတယ် ခုချိန်မှာ သရုပ်ဆောင်အလုပ်က အသက်မွေးဝမ်းကြောင်း အလုပ်မဟုတ်ခဲ့ဘူးဆိုရင် မမြတ်လေးတယောက် စားဝတ်နေရေးအတွက် အထည်တွေရောင်းနေမယ်ဆိုတာ အသေချာဘဲရှင့်…. ”

” အထည်ရောင်းရတဲ့အလုပ်လည်း မမြတ်လေး သဘောကျတယ်ရှင့်…. တကယ်လို့များ မမြတ်လေး သရုပ်ဆောင်လုပ်နေရင်း တခြားစီးပွားရေးတခု အနေနဲ့ ခုလို အထည်စတွေ ရောင်းမယ် … အထည်စတွေ ရောင်းတဲ့ဆိုင်လေး ဖွင့်မယ်ဆို ချစ်ရတဲ့အမျိုးတွေ အတွက် အဆင်ပြေမလားရှင် မမြတ်လေး အတွက်တော့ အဆင်ပြေတယ်ရှင့်[❤️][❤️][❤️][❤️] နောက်အချိန်ရမှ အထည်သည်မမြတ်လေး အကြောင်း ရေးမယ်နော်…. ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့အရှက်သိက္ခာတွေအတွက် သေစေလောက်တဲ့ကျီစားမှုမျိုး မလုပ်သင့်ကြောင်းပြောလိုက်တဲ့ ဂျေးနီ
ဒီပုံလေးကို ကြည့်မိတော့ ငယ်ငယ်က အထည်တွေရောင်းခဲ့တာ သတိရမိတယ်ဆိုတဲ့ အထည်တွေကြားမှ မမြတ်လေးရဲ့ပုံရိပ်

ဒီလို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် အများက ကြွေနေရတဲ့ မမြတ်လေးရဲ့ ချစ်စရာအလှပုံရိပ်

အထည်ပုံတွေကြားရောက်ခဲ့တော့ အရင်အဖြစ်အပျက်လေးကို သတိရမိတယ်ဆိုပြီး ပြောပြလာတဲ့ မမြတ်လေးရဲ့ အတိတ်ဘဝအကြောင်းလေးကို ပရိသတ်ကြီးလည်း သိရှိပြီးဖြစ်တာကြောင့် ကျေနပ်နှစ်သက် လိမ့်မယ်လို့ထင်ပါတယ်။ အသက် ၃၀ ကျော် အရွယ်ကို ရောက်ရှိလာခဲ့ပေမယ့် ဆယ်ကျော်သက်နဲ့မခြား နုပျိုလှပနေတဲ့ မမြတ်လေးရဲ့ ချစ်စရာအလှပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-Momolay

 

Loading...

Facebook Comments