စည်​ပင်​ဝန်​ထမ်း​လေးတစ်​​ယောက်​ရဲ့ရိုးသားမှုကိုဂုဏ်​ပြုစကားဆိုလိုက်​တဲ့ ဟက်​ကက်

တစ်​​ခေတ်​တစ်​ခါတုန်းက ​နှုတ်​ခမ်းနီမ​လေး​တွေရဲ့ အသည်းစွဲ ဟက်​ကက်​ကို ပရိသတ်​ကြီး သတိရကြဦးမှာ​ပေါ့။ သီချင်း MTV တိုင်းလိုလိုမှာ ဆံပင်​အလယ်​ခွဲ​လေးနဲ့ သရုပ်​​ဆောင်​တဲ့ ​ကောင်​​လေးတစ်​​ယောက်​ကို ပရိသတ်​​တွေက လက်​ခံအား​ပေး သ​ဘောကျကြပါတယ်​။ ဟက်​ကက်​တို့ ဖြိုး​ငွေစိုးတို့ဟာ သီချင်း MTV ​တွေရဲ့ ပင်​တိုင်​စံမင်းသား​တွေလို့ ဆိုရ​လောက်​​အောင်​ အင်​မတန်​လူကြိုက်​များလှပါတယ်​။ဟက်​ကက်​ဟာ သရုပ်​​ဆောင်​​ကောင်းရုံသာမကပဲ သီချင်းဆို​ကောင်းသူတစ်​ဦးလဲဖြစ်​ပါတယ်​။ ဟက်​ကက်​ရဲ့ “ချစ်​သူ” ဆိုတဲ့ သီချင်းကလဲ ချစ်​သူ​စုံတွဲ​တွေကြားထဲမှာ ​အလွန်​​ရေပန်းစားပြီး ​အောင်​မြင်​လှပါတယ်​။ဟက်​ကက်​ဟာ အခုဆိုရင်​ အနုပညာအလုပ်​​တွေနဲ့ အနည်းငယ်​အလှမ်း​ဝေးသွားခဲ့ပြီဖြစ်​ပြီး သူ့ရဲ့ဘဝကို ရိုးရှင်းစွာဖြတ်​သန်း​နေထိုင်​လျက်​ရှိပါတယ်​။

ဒီ​နေ့မှာ​တော့ ဟက်​ကက်​ဟာ သူ့ရဲ့​ဖေ့စ်​ဘုတ်​စာမျက်​နှာမှာ ရိုးသားလှတဲ့ စည်​ပင်​သာယာဝန်​ထမ်း​လေးတစ်​ဦးက ချီးကျူးစကား​လေးဆိုထားပါတယ်​။ ” ” ကျွန်တော် တို့ ခင်ဗျားတို့ ဒီခလေးမ လေးလောက် ရိုးသား ရဲကြရဲ့လား?ဒီမနက် အိပ်ရထ လုပ်စရာ ကိစ္စလေးတွေ အတွက် အပြင်ထွက် ဖို့ ကားပေါ်တက်တော့ ကား ညာဖက်ထောင့်မှာ ပွတ်တိုက်ချစ်ရာ တစ်ခုတွေ့တော့ အော် ငါ ညက ထီဖောက်ပြီပေါ့ ! အေးပေါ့ ! တိုက်ရှေ့ လမ်းပေါ်ရပ်တော့လဲ ဒီလောက်တော့ ရှိမှာပေါ့လေနော်! ထားလိုက်ပါ ! ညနေဘက် အိမ်ပြန်ရောက်တော့ ! အိမ်နားက လုံခြုံရေးက အစ်ကိုကို စည်ပင်က ညီမလေးတစ်ယောက် လာရှာတယ်တဲ့ ! ဘာက်စ္စလဲ ဆိုတော့ သူလဲမသိဘူးတဲ့ ! ဒီကားပိုင်ရှင်ကို လာရှာတာပါတဲ့ !အိုခေ – ကားထိုး , အိမ်ပေါ်တက် , ရေမိုးချိုးပြီး အခွေလေး ကြည့်နေတုန်း တံခါးခေါက်သံ ကြားလို့ (၈:၄၀)ထအဖွင့် ကျွန်တော်တို့ တိုက်ကလုံခြုံရေးရယ် စည်ပင် အဝတ်အစား ဝတ်ထားတဲ့ ညီမလေးတစ်ယောက်ရယ် !သမီးညက လမ်းပေါ်က ပစ္စည်းတွေ ( ကျွန်တော်တို့ ခင်ဗျားတို့ ပစ်ချထားတဲ့ ) လိုက်ကောက်သိမ်းနေတုန်း ပစ္စည်းသယ်တဲ့ လှည်းကို ခဲခု ထားပေမယ့်​ ပစ္စည်းတွေ လေးပြီး မထိန်းနိုင်ပဲ လှည်းက လိမ့်သွားတာ အစ်ကိုကားကို တိုက်မိလိုက်တယ် ! အဲဒီ အတွက် တောင်းပန်ဖို့ ဒီမနက်တစ်ခေါက် လာတယ် ! မတွေ့ဘူး ! ညနေက လဲ လာသေးတယ် ! မတွေ့ခဲ့ ပြန်ဘူး !အခုမှ အစ်ကို နဲ့တွေ့ပြီး လာတောင်းပန်တာပါ လို့ မျက်ရည်လေးဝဲဝဲ​လေးနဲ့ ပြောရှာတယ်​။ ဟာ ! ညီမလေး အခုလို လာတောင်းပန်တာကိုက အစ်ကိုက ကျေးဇူးတင်ရမှာပါ။ ဘယ်သူ့မှမသိလိုက်တဲ့ ကိုယ်လုပ်လိုက်မိတဲ့ အမှားတစ်ခုကို အခုလို မတွေ့တွေ့အောင်​ရှာပြီး အကြိမ်ကြိမ်တောင်းပန်ဖို့ ကြိုးစားတဲ့ ညီမလေး စိတ်ဓါတ်ကို လေးစားတယ်။ အိမ်ကို ကောင်းကောင်း ပြန်နော် လို့ ပြောလိုက်တယ်။ ကျွန်တော် တို့ ခင်ဗျား တို့ ဒီ ခလေးမ လေးလောက် ရိုးသား ရဲကြရဲ့လား.?ဒီ ခလေးမလေး ရဲ့ စိတ်ဓါတ်ကို ဂုဏ်ယူတယ်” ဆိုပြီး ဂုဏ်​ပြုစကား​လေးဆိုထားပါတယ်​။

သူ့ရဲ့ကား ထိခိုက်​ပျက်​ဆီး​ပေမယ့်​ ရိုးသားလွန်းလှတဲ့ အမျိုးသမီး​လေးရဲ့ လုပ်​ရပ်​​ကြောင့်​ ဟက်​ကက်​တစ်​​ယောက်​ ​ကျေနပ်​သွားခဲ့ပါတယ်​။အဲ့အမျိုးသမီး​လေးရဲ့ စိတ်​ထား​လေးက အင်​မတန်​ဖြူစင်​ပြီး သူလုပ်​ခဲ့တဲလုပ်​ရပ်​အတွက်​ အမှားကိုသိပြီး ​ရှောင်​မ​ပြေးပဲ ဝန်​ခံရဲတဲ့စိတ်​ဓာတ်​က အင်​မတန်​​လေးစားစရာပါပဲ။ ပရိသတ်​ကြီးလဲ ဒီပိုစ့်​​လေးကို သ​ဘောကျရင်​ Like & share လုပ်​ဖို့​မ​မေ့ပါနဲ့​နော်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ပရိသတ်​ကြီးကို ​ကျေးဇူးအထူးတင်​ရှိပါတယ်​။

Saw
Source: ဟက်​ကက်​’s fb

Loading...

Facebook Comments