ကွယ်လွန်သူမင်းသွေးအားရည်စူး၍ သက်ကြီးပူဇော်ပွဲမှာ အလှူငွေကပ်လှူပူဇော်ကြမယ့် စည်ဖြိုးတို့အဖွဲ့

သရုပ်ဆောင် မင်းသားစည်ဖြိုးဟာဆိုရင် သူငယ်ချင်းဖြစ်တဲ့ မင်းသွေး ရုတ်တရက်သေဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေခဲ့ရတာပဲဖြစ်ပါတယ်။ စိတ်မကောင်းဖြစ်နေရုံသာလွဲလို့ ပြန်ပြီးအသက်ရှင်မလာနိုင်တော့တဲ့ ကွယ်လွန်သူမင်းသွေးအတွက် အလှူအတန်းတွေလုပ်ပေးပြီး ကုသိုလ်ယူ အမျှဝေပေးခဲ့ကြတာပဲဖြစ်ပါတယ်။ မင်းသွေးအတွက် အလှူအတန်းတွေကို ဆက်တိုက်လုပ်ဖြစ်နေတဲ့ စည်ဖြိုးကတော့ မနက်ဖြန်မှာ ရုပ်ရှင်အစည်းအရုံးက ကျင်းပပေးမယ့် သက်ကြီးပူဇော်ပွဲမှာ မင်းသွေးအတွက် ရည်စူးပြီး အလှူငွေများ လှူဒါန်းသွားမယ်ဆိုတဲ့အကြောင်းလေးကို ပြောပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

မနက်ဖြန် သက်ကြီးရွယ်အိုပွဲမှာ လှူဒါန်းသွားမယ့်အကြောင်းလေးကို ” မနက်ဖြန် ရုပ်ရှင်အစည်းအရုံးကကြီးမှူးကျင်းပမယ့်.. ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ရုပ်ရှင်သက်ကြီးဖိုးဖွားအယောက် ၁၇၀ ကို “မင်းသွေးနှင့်သူကိုချစ်သူများကောင်းမှု”ဆိုပြီး စာအိတ်လေးတွေနဲ့ .. ကိုမင်းသွေးကိုယ်စား တစ်ဦးချင်းဆီကပ်လှူဖို့ စီစဉ်ထားတဲ့အတိုင်း.. ကျွန်တော် နဲ့ ကိုနေတိုး ကတစ်ယောက် 5 သိန်း ပေါင်း 10 သိန်း မတည်လှူခဲ့ပါတယ်..”

” ကျွန်တော်တို့နဲ့အတူ စာအိတ်လေးတွေထဲကို ကိုမင်းသွေးကိုယ်စား.. ကုသိုလ်တစ်တက်တစ်အား နည်းများမဆို ပါဝင်လိုသူများ.. ကိုမင်းသွေးကိုလွမ်းဆွတ်သူများ ချစ်ကြသူများ.. အမျိုးများအားလုံးကလည်း အနယ်နယ်အရပ်ရပ်က ဘဏ်လွှဲကတစ်ဆင့်.. wave money ကတစ်ဆင့် .. Ph Bill ကတစ်ဆင့်.. ပါဝင်လှူဒါန်းခဲ့ကြတာ ဒီနေ့စားရင်းပိတ်လို့တွက်ကြည့်လိုက်တော့..ကျွန်တော်နဲ့ ကိုနေတိုးလှူတဲ့ 10 သိန်းပါအပါ.. အားလုံးပေါင်း 45 သိန်း တိတိ ရရှိခဲ့ပါတယ်..”

” လွယ်အောင် 180 နဲ့စားတော့ အဖိုးအဖွားတစ်ဦးကို 25000 ရကြမှာပါ.. ပိုတဲ့စာအိတ်ဆယ်အိတ်ထဲက အလှူငွေတွေကိုလည်း လိုအပ်တဲ့နေရာမှာသုံးဖို့.. တစ်ခါတည်း ထည့်လှူသွားမှာပါလို့ ပီတိများနဲ့ အသိပေးလိုက်ပါတယ်.. အားလုံးသာဓုခေါ်နိုင်ကြပါစေ… အကြောင်းအကျိုးကောင်းနိုင်ကြပါစေ… [🙏🏻] တစ်ဦးပေါ်တစ်ဦးလေးစားခြင်းရှိရမယ် Respect[❤️] တစ်ဦးပေါ်တစ်ဦးမေတ္တာစိတ်နဲ့ချစ်ခင်ခြင်းရှိရမယ်Love[✌🏻] တစ်ဦးပေါ်တစ်ဦး မုဒိတာ ပွားနိုင်ပြီး ငြိမ်းချမ်းခြင်းရှိရမယ် Peace” ဆိုတဲ့ စာသားလေးနဲ့အတူ စည်ဖြိုးရဲ့ဖေ့ဘွတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

ကွယ်လွန်သူ မင်းသွေးအားရည်စူး၍ သက်ကြီးရွယ်အိုဘိုးဘွားများ ပူဇော်တဲ့ပွဲလေးမှာ အလှူအတန်းတွေနဲ့ ကုသိုလ်ပြုပေးသွားတော့မှာကြောင့် အားလုံးလည်း သာဓုသုံးကြိမ်ခေါ်ဆိုကြပြီး မင်းသွေးအတွက် ကောင်းမှုကုသိုလ်လေး လုပ်ပေးလိုက်ကြပါဦးနော်။ ဖတ်ရှုပေးကြပါသော ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref: SiPhyo’s Facebook

Loading...

Facebook Comments