ဆေးရုံရောက်တဲ့အထိ စိတ်ထိခိုက်ခဲ့ရတဲ့ ဟိန်းမင်းသူဘက်ကနေ ရပ်တည်ပေးလိုက်တဲ့ စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ် က အကောင့်ဟက်ခံလိုက်ရပြီး Privacy ချိုးဖောက်ခံလိုက်ရတဲ့ ဟိန်းမင်းသူအတွက် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ လေးစားအားကျရတဲ့ စမိုင်းလ်တို့မိသားစုဟာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေအပြင် သမီးနှစ်ယောက်နဲ့ သာယာတဲ့ဘဝကိုပိုင်ဆိုင်ထားကြတဲ့ မိသားစုပါ။ ယခုအချိန်ထိ ဇနီးမောင်နှံ နှစ်ယောက် ချစ်မြတ်နိုးပြီး အံ့အားသင့်စရာမွေးနေ့လက်ဆောင်တွေနဲ့ Surprise လုပ်တာကြောင့်လည်း ပရိသတ်တွေအားကျနေကြရသူတွေပါ။

စမိုင်းလ်တို့မိသားစုဟာ အလှူအတန်းတွေကို ရက်ရက်ရောရော လုပ်တတ်ကြသူတွေဖြစ်ပြီး ကုသိုလ်အရေးလက်မနှေးဆိုသလို အမြဲလှူဒါန်းနေကြသူတွေဖြစ်ပါတယ်။ ဘုရား၊ တရားကိုင်းရှိုင်းတာကြောင့်လည်း ယနေ့အချိန်ထိအောင်မြင်နေတာလို့ ဆိုခဲ့ဖူးပါတယ်။ မကြာသေးခင်ကမှပဲ စမိုင်းလ်ရဲ့အသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာကို ဟက်ကာတစ်စုက ဟက်သွားခဲ့ပြီး ငွေညစ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးဟက်ခံရဖူးတဲ့သူတစ်ယောက်အနေနဲ့ ဟိန်းမင်းသူရဲ့ ယခုဖြစ်ရပ်အပေါ် ကိုယ်ချင်းစာ ဝမ်းနည်းနေခဲ့တာဖြစ်ပါတယ်။ ဟိန်းမင်းသူဟာ စိတ်ထိခိုက်တဲ့အတွက်ကြောင့်မို့ ဘာမီတွန်တစ်ဗူးသောက်ပြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ရပါတယ်။

“သူ့ဟာသူဆိုဆိုခြောက်ခြောက်သူ့ဘဝနဲ့သူ သူများကိုဒုက္ခလိုက်ပေးနေတာလည်းမဟုတ်ဘူး.. အခုတော့သနားပါတယ် လူတွေကစာနာစိတ်တွေနည်းလာကြပြီ အွန်လိုင်းကနေ cyber bullying လုပ်တာတွေကသူများအသက်ကိုပါထိခိုက်နိုင်တဲ့အထိဖြစ်နေပြီ..
Hacker တွေကိစ္စကိုယ်လည်းမြန်မာနိုင်ငံမှာဘာမှမလုပ်နိုင်ကြတော့ဘူးလား ..လူအချင်းချင်းဒုက္ခပေးခြင်း ကင်းဝေးကြပါစေ [🙏🏼][🙏🏼][🙏🏼]”လို့ ဟိန်းမင်းသူရဲ့ privacy ချိုးဖောက်ခံရတာနဲ့ပတ်သက်ပြီးစိတ်မကောင်းကြောင်း ပြောလာခဲ့တာဖြစ်ပါတယ်။

We Love Cele
Source-စမိုင်းလ်

Loading...

Facebook Comments