မင်းသွေးအတွက် အကောင်းဆုံးအမှတ်တရတွေကို ဖော်ထုတ်ပြောလိုက်တဲ့ ဇာနည်

ပရိသတ်ကြီးရဲ့ အချစ်တော် သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားခဲ့တာ ဆယ်ရက်နီးပါးရှိပြီဖြစ်ပေမယ့် သူ့ကိုချစ်ကြ ခင်ကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေကတော့ ဖြေသိမ့်လို့မရနိုင်သေးပါဘူး။ စိတ်ကောင်းရှိပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ လူငယ်တစ်ယောက် အချိန်မတန်ခင် ကြွေလွင့်သွားခဲ့ရလို့ အားလုံးက ယူကြုံးမရဖြစ်နေကြတာအမှန်ပါပဲ။ မင်းသွေးကိုယ်တိုင်ကလဲ သူငယ်ချင်း မိတ်ဆွေတွေအပေါ် အနစ်နာခံပြီး ချစ်တဲ့သူမို့ ပိုပြီးတော့ စိတ်မကောင်းဖြစ်ကြရတာပါပဲ။

အောက်တိုဘာလ ၁၁ ရက်နေ့ကလဲ မင်းသွေးကို ချစ်ကြတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေက မင်းသွေးအတွက် အမှတ်တရအနေနဲ့ သုဝဏ္ဏမြက်ခင်းတုကွင်းမှာ Actor Star FC နဲ့ Original Gun Star FC တို့က ဘောလုံးကန်ခဲ့ကြပါတယ်။ မင်းသွေးအတွက် အမှတ်တရ အနေနဲ့ မင်းသွေးနာမည်နဲ့ မင်းသွေးဘောလုံးကစားတဲ့ ကျောနံပါတ်(7) ပါတဲ့ အကျီင်္လေးတွေ ဆင်တူဝတ်ပြီး မင်းသွေးအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။

သရုပ်ဆောင် ဇာနည်ကလဲ မင်းသွေးနဲ့ အရင်ထဲက ဘောလုံးကန်ဖက်ဖြစ်ခဲ့တာမို့ မင်းသွေးနဲ့ ပတ်သတ်တဲ့အမှတ်တရတွေကို ပြန်လည်တမ်းတ သတိရနေခဲ့တဲ့ပုံပါပဲ။

ဇာနည်က မနေ့ကဘောလုံးပွဲအပြီးမှာ သူ့ရဲ့ ကစားဖော်ဖြစ်တဲ့ မင်းသွေးကို ပိုပြီးသတိရခဲ့တဲ့ပုံပါပဲ။ ဇာနည်က ဘောလုံးကွင်းထဲက အမှတ်တရဓာတ်ပုံလေးတွေကိုတင်ရင်း မင်းသွေးနဲ့ ပတ်သတ်တဲ့အမှတ်တရလေးတွေကို သူ့ရဲ့ဖေ့ဘုတ်မှာ ရေးသားခဲ့ပါတယ်။

ဇာနည်က မင်းသွေးကို မင်းသွေးပထမဆုံးရိုက်ကူးခဲ့တဲ့ “ဇော်က ကနေသည်” ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ကောင်နာမည်လေးဖြစ်တဲ့ “သာချိုလေး” ဆိုတဲ့ နာမည်လေးကိုသာ အမြဲလိုလိုခေါ်တဲ့သူပါ။ ဇာနည်က သူ့ရဲ့ဖေ့စ်ဘုတ်မှာ “သာချိုလေးရေ….ACTOR STAR FC ကနေ ညီလေး မင်းသိပ်ကြိုက်တဲ့ နံပါတ် 7 ကို ငါတို့အားလုံးသိပ်ချစ် ရတဲ့ ငါ့ရဲ့ ညီ (မင်းသွေး) နဲ့ အတူ ရာသက်ပန်အနားပေးလိုက်ပါပြီ။ ဒါမင်းနေရာမှာငါတို့အားလုံးဘယ်သူ့ကိုမှ အစားမထိုးဘူး ဆိုတာကို ကောင်းရာမွန်ရာဘ၀ကနေ ငါ့ညီလေးသိပြီးကျေနပ်နေမှာ အစ်ကိုသိပါတယ်” ဆိုပြီးရေးသားထားပါတယ်။

ထပ်ပြီးတော့ ဇာနည်က “ညီလေး(မင်းသွေး) မင်းဘောလုံးကန်တယ်။ ၀ါသနာအရကန်တယ်။ ဘောလုံးကို ချစ်လို့ ကန်တယ်။ မိုးထဲရေထဲနေပူထဲ ငါ့တို့ အတူကန်ကြတယ်။ ကန်ချင်လို့ ကို ကန်ကြတယ်။ လူရှေ့ထင်ပေါ်ဖို့ကန်တာ မဟုတ်ဘူး ဆိုတာကို ငါ့ညီ အခုမင်းနောက်ဆုံး ကန်သွားတဲ့ ပွဲ က သက်သေပဲ…ညီတို့ကန်ကြတာ ည ၁၀နာရီ ကြည့်မည့်သူမရှိဘူး။ ပရိတ်သတ်မသိဘူး။ ထင်ပေါ်ချင်လို့ မဟုတ်ဘူး။ ၀ါသနာပါလို့ဆိုတာ အသိသာကြီး…ငါတို့တွေ လူရှေ့သူရှေ့ပရိတ်သတ်ရှေ့မှာဘာလို့ဘောလုံးကန်ခဲ့ကြသလဲ ငါ့ညီသတိပြန်ရပေးပါ…ငါ့ညီအမှတ်ပြန်ရပေးပါ…ငါ့ညီပြန်ပြီးအကြိမ်ကြိမ်သတိရပြီးကြည်နူးပေးပါ…” ဆိုပြီး ကြေကွဲဖွယ်ရေးသားထားပါတယ်။

“မင်းရဲ့ချွေးစက်တွေနဲ့အတူ အလှုတွေအများကြီးဖြစ်ခဲ့တယ် ငါ့ညီ…မိဘမဲ့ကလေးအတွက်၊ မသန်စွမ်းတွေအတွက်၊ ကျောင်းဆောက်ဖို့အတွက်၊ ရေဘေးဒုက္ခသည်တွေအတွက် စသည့်အလှုတွေမှာ ငါ့ညီ …မင်းရဲ့ဝါသနာပါလို့ ကန်တဲ့ဘောလုံး အပေါ်မူတည်ပြီး မင်းရဲ့ချွေးစက်တွေနဲ့ လှုခဲ့တဲ့အလှုတွေအများကြီးပါ။ ဒီနေ့ မင်းကိုချစ်တဲ့သူတွေ… မင်းကိုတန်ဖိုးထားတဲ့သူတွေ နေရာပေါင်းစုံကနေ ကိုယ်စီကိုယ်စီ ပါဝင်လို့ ၀မ်းနည်းခြင်း အထိမ်းအမှတ်ပွဲလေး လုပ်ရင်း ငါ့ညီ (မင်းသွေး) မင်းအတွက်ငါတို့ အလှုတစ်ခုပြုနိုင်ခဲ့တယ်။ ဒါပေမယ့် ဒါမင်းရဲ့အလှုပါ ငါ့ညီ။ ၀မ်းမြောက်ပေးပါ။ ကြည်နူးပေးပါ။ ကျေနပ်ပေးပါ။ ကျေနပ်စွာနဲ့ သာဓုအကြိမ်ကြိမ်ခေါ်ပေးပါ။ အစ်ကို မမေ့နိုင်တဲ့ မင်းရဲ့အပြုံးတွေနဲ့ သာဓုခေါ်နေမယ်ဆိုတာကို အစ်ကိုဒီစာလေးရေးရင်း မြင်ယောင်မိနေတယ်။”

” ဒီစာလေးနဲ့ ထာဝရ နှုတ်ဆက်လိုက်တယ်…ငါ့ညီလေးရယ်…ငါ့ညီလေးကောင်းရာမွန်ရာဘ၀ရောက်ပါစေ။ သံသရာအဆက်ဆက်မှာသာသနာ ပြုနိုင်သူ ဖြစ်ပါစေကွာ။ အစ်ကို အမြဲခေါ်နေကျ “သာချိုလေး”လေး…မင်းကျေနပ်မယ်ဆိုတာအစ်ကိုသိနေပါတယ်။ သာဓုခေါ်ပါညီလေး (သာချို…ဇော်ကကနေသည်ဇာတ်ကားမှာ ကျွန်တော့်သားနေရာက သရုပ်ဆောင်ဖြစ်တုန်း (မင်းသွေး)ဇာတ်ကောင်နာမည်…သူ ရဲ့ အနုပညာအစ ကာလထင်ပါတယ်။ အဲ့ဒီမှာ ကျွန်တော်သူကို့စသိလို့ အဲ့ကားထဲက နံမည်လေး အခုထိ အမြဲခေါ်မိတယ်။ အဲ့ဒါ သာချိုလေး….) သာချိုလေး မင်းအမြဲပြန်ခေါ်နေကျ ညီလေးရဲ့ အစ်ကို…ဦးဇာနည် (ဘယ်တော့မှ မမေ့ နိုင်သူ)” ဆိုပြီး လွမ်းဆွေးဖွယ် ရေးသားထားပါတယ်။

မင်းသွေးလဲ သူ့ရဲ့ညီအစ်ကိုတွေ ပြုပေးသမျှကို ကောင်းရာမွန်ရာကနေကြည့်ပြီး ကျေနပ်နေမယ်လို့ မျှော်လင့်ပါတယ်။ မင်းသွေးအတွက် အကောင်းဆုံးကို ပြုလုပ်ပေးခဲ့တဲ့ အနုပညာညီအစ်ကိုတွေရဲ့ စိတ်ထားကလဲ တကယ်ကို မွန်မြတ်လှပါတယ်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Loading...

Facebook Comments