ဘိုကလေးတွင် ချောင်းထဲရေဆင်းချိုးသူအမျိုးသား မိချောင်းကိုက်ခံရ၍ ခြေထောက်တဖက် ပြတ်

ရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လဝိုင်းကျွန်းအလယ်စုကျေးရွာ၌ အောက်တိုဘာ ၁၁ ရက် ည (၉)နာရီခန့်က အမျိုးသားတဦးမိကျောင်းကိုက်ခံရ၍ ခြေပြတ်ဒဏ်ရာရရှိသွားကြောင်း သတင်းရသည်။

ဘိုကလေးမြို့ ဆတ်ကျွန်းကျေးရွာအုပ်စု ရွှေပြည်အေး(ဝဲချောင်းကျေးရွာ)နေ ကိုထွန်းဝင်း(၃၉)နှစ်မှာ လဝိုင်းကျွန်း အလယ်စုကျေးရွာတပ်ဘေလေးမြစ်ဘေး၌ ဇနီးဖြစ်သူနှင့်အတူ ဘုံဝင်းပိုက်ချနေစဉ် မိချောင်းတကောင်ဝင်ကိုက်၍ ဝဲဘက်ခြေထောက် ဒူးမှပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။

“ဘိုကလေးမြို့နယ် မြေပုံညွန်း ၄၂၃၇၇၅ ချောင်းထဲမှာ သူက ဘုံဝင်းပိုက်ပိတ်ပြီး ချောင်းထဲရေဆင်းချိုးတဲ့အချိန်မှာ မိချောင်းကိုက်တာ ခြေထောက်တဖက် ဒူးအထက်ကနေပါသွားတာ”ဟု ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။

ရရှိသည့်ဒဏ်ရာမှာ ပြင်းထန်သည့်အတွက် ကိုထွန်းဝင်းအား ဘိုကလေးမြို့နယ်ဆေးရုံမှ ဖျာပုံ ကုတင် ၂၀၀ ဆေးရုံသို့ နံနက် ၁း၃၀ အချိန်တွင် လွှဲပြောင်းခဲ့ရပြီး လူနာအခြေအနေ စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၌ ဘိုကလေးမြို့နယ်သည် ပင်လယ်ကမ်းခြေနှင့်နီးစပ်ခြင်း၊ ရေချိုရေငန်စပ်မြစ်ချောင်းများပေါများခြင်း၊ ဒီရေတောနှင့် နူံးလတာပြင်များပေါများခြင်းကြောင့် မိချောင်းများ ကျက်စားရှင်သန်နေသည့်ဒေသဖြစ်သည်။

အောင်အောင်(ပုသိမ်)
ဓာတ်ပုံ-ထူးထူး(ဘိုကလေး)

Loading...

Facebook Comments