အနုပညာရှင်တွေ ၀မ်းနည်းကျေကွဲမျက်ရည်ကျခဲ့ရတဲ့ မင်းသွေး ဝမ်းနည်းခြင်းအထိမ်းအမှတ်ဆုတောင်းပွဲ

ပရိသတ်ကြီးရေ သရုပ်ဆောင် ၊အဆိုတော်မင်းသားချောလေး မင်းသွေးကတော့ မကြာသေးခင်အချိန်ကမှ အားလုံးကိုနှုတ်ဆက်ပြီး လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူမှမထင်မှတ်မထားတဲ့ အခြေအနေတစ်ခုမှာ ရုတ်တရက်ဆိုသလို ဆုံးပါးသွားခဲ့တဲ့ မင်းသွေးအတွက် မိသားစုမိတ်ဆွေတွေနဲ့ ပရိသတ်တွေအားလုံးက ယူကြုံးမရခံစားခဲ့ရပါတယ်။ အခုလည်း အောက်တိုဘာလ ၃ရက်ညမှာ ဘောလုံးကစားရင်း အနားယူချိန်မှာ ကွယ်လွန်သွားခဲ့တဲ့ မင်းသွေးကို ပရိသတ်တွေနဲ့ သူ့ရဲ့မိတ်ဆွေတွေက သတိတရနဲ့ အမှတ်တရပွဲလေးတစ်ခု ကျင်းပပေးခဲ့ပါတယ်။

မင်းသွေးအနေနဲ့ ဘောလုံးအားကစားကို အင်မတန်ဝါသနာပါပြီး အမြလိုလို သူချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ဘောလုံးကန်လေ့ရှိပါတယ်။ ဒါကြောင့် သူ့ကိုချစ်တဲ့ပရိသတ်တွေနဲ့အနုပညာတွေက အတူစုပေါင်းပြီး အမှတ်တရဘောလုံးပွဲလေးတစ်ခုကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ဒီပွဲလေးမှာ အနုပညာရှင်တွေနဲ့ အမာခံပရိသတ်၊မိတ်ဆွေတွေအတူပါဝင်ခဲ့ကြပြီး မင်းသွေးရဲ့ ကျောနံပါတ် 7 ကိုအားလုံးဆင်တူဝတ်ကာ တစ်ညီတစ်ညွတ်တည်း ပါဝင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီပွဲလေးမှာ မင်းသွေးရဲ့ပုံနဲ့အတူ အမှတ်တရဓာတ်ပုံလေးတွေကို ဘုတ်ထောင်ထားခဲ့သလို သူငယ်ချင်းတွေက အမှတ်တရပန်းလေးတွေနဲ့ မင်းသွေးကိုနောက်ဆုံးနှုတ်ဆက်ခဲ့ကြပါတယ်။ အနုပညာရှင်တွေအနေနဲ့ ကိုပေါက်၊ဒါရိုက်တာကျော်ဇောလင်း၊ ညီမင်းခိုင်၊စူးရှ၊သာထက်နဲ့အတူ လူစုံတက်စုံနဲ့ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပွဲမစခင်အချိန်လေးမှာလည်း ကျောနံပါတ်ဆင်တူအင်္ကျီတွေကို ဝတ်ဆင်ထားတဲ့သူငယ်ချင်းတစ်စုက ငြိမ်သက်စွာနဲ့ အခမ်းအနားကို စတင်ခဲ့တဲ့ မြင်ကွင်းဗီဒီယိုလေးကလည်း တကယ့်ကိုကြေကွဲလွမ်းဆွတ်ဖွယ်ကောင်းတာ တွေ့ရပါတယ်။ ပရိသတ်တွေအတွက် မင်းသွေးကိုရည်စူးပြီး ကျင်းပပေးခဲ့တဲ့ ဘောလုံးပွဲလေးရဲ့ဖွင့်ပွဲပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Zin Thae Naing;

 

Loading...

Facebook Comments