မော်ဒယ်တစ်ဦးသေဆုံးခဲ့သည့်နေရာ၌ သရဲခြောက်သည်ဟု နာမည်ကြီးလျက်ရှိ

မော်ဒယ်တစ်ဦးသေဆုံးခဲ့တဲ့ မန္တလေးမြို့ရဲ့ လမ်း ၃၀၊ ၅၈*၅၉ လမ်းအနီးမှာ သရဲခြောက်တယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လျက်ရှိနေပါတယ်။ ထိုလမ်းပေါ်မှာတော့ မကြာသေးခင်ကမှ စစ်ကိုင်းအလှမယ်တစ်ဦးဖြစ်တဲ့ မော်ဒယ်ယွန်းဆက်ပိုင်ဟာ ကားအက်စီးဒင့်ကြောင့် ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာ မော်ဒယ်ယွန်းဆက်ပိုင်ကို အမှုဖွင့်လှစ်ထားရှိပြီးတော့ ပုဒ်မပြောင်းလဲခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ မော်ဒယ်ယွန်းဆက်ပိုင်သေဆုံးမှုနဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှတ်ချက်ပေးမှုအမျိုးမျိုးရှိနေကြတာလည်းဖြစ်ပါတယ်။

ယွန်းဆက်ပိုင်ဟာ ကားနဲ့ ဝေးရာမှာ မှောက်လျက်အနေအထားနဲ့ လဲကျနေခဲ့တာတစ်ကြောင်း၊ ယွန်းဆက်ပိုင်သေဆုံးစဉ်မှာ ဖိနပ်တစ်ဖက်သာရှိနေပြီးကျန်တစ်ဖက်မှာ ယာဉ်မောင်းဘေးက ထိုင်ခုံအောက်မှာ ရှိနေကြောင်းနဲ့ ယာဉ်မောင်းနေရာမှာတော့ အမျိုးသားဖိနပ်တစ်ရံရှိနေကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ အဖွဲ့ထဲက လူငယ်တစ်ဦးကပြောပြခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကားနဲ့ မလှမ်းမကမ်းမှာ ဆံပင်အထွေးလိုက်ရှိနေခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ဒီလိုသရဲခြောက်တယ်လို့ ပျံ့နှံ့နေတဲ့ ဒီလမ်းပေါ်မှာ နေထိုင်တဲ့ အိမ်ထောင်သည် အမျိုးသားတစ်ဦးက “သူတို့သားအမိက ညဆို မအိပ်ရဲလို့ ကျတော့်မှာ ဘောလုံးပွဲတောင် သွားမကြည့်ရဘူး” လို့ ပြောခဲ့ပါတယ်။

ယွန်းဆက်ပိုင်ဟာကလပ်ကအပြန်မှာ အဆောက်အအုံဘေးနားက သဲပုံကိုဝင်တိုက်ခဲ့တာဖြစ်ကြောင်း သိထားရပါတယ်။ သူမဟာ ကလပ်တစ်ခုကအပြန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ကလပ်ကမထွက်လာခင်မှာလည်း အမျိုးသားတစ်ဦးက သူမကို ရိုက်နှက်နေခဲ့တယ်လို့ လုံခြုံရေးယူနေတဲ့ အမျိုးသားတစ်ဦးက ပြောခဲ့တာပါ။ ယွန်းဆက်ပိုင်အခင်းဖြစ်တဲ့ညက သူမသွားခဲ့တဲ့ကလပ်ကို လုပ်ငန်းရှင်တစ်ဦးကအပြတ်ငှားထားတာဖြစ်ပြီး ကလပ်ကားပါကင်မှာရှိတဲ့ CCTV ဟာလည်း ပျက်စီးနေခဲ့တယ်လို့ သိပါတယ်။

ယွန်းဆက်ပိုင်သေဆုံးခဲ့တဲ့ လမ်းပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့လူတချို့ကတော့ ဒီလမ်းပေါ်မှာသရဲခြောက်တယ်လို့ ပြောနေလို့ ကြောက်မိတယ်လို့ပြောပါတယ်။ “ဟိုနေ့က ကုန်စိမ်းသည်အဒေါ်ကြီးက မနက်အစောကြီးလာတော့ ဆိုင်ကယ်တားပြီး ဒေါ်လေး သမီးဖိနပ်တစ်ဖက်ကူရှာပေးပါလို့ ပြောတယ်။ သူက ရှာပေးမလို့ ဆိုင်ကယ်ရပ်တော့ ပျောက်သွားတယ်လို့ ပြောတယ်” ဆိုပြီး အနီးနားမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။ ယွန်းဆက်ပိုင်ရဲ့ သေဆုံးမှုဖြစ်စဉ်ကိုတော့ ရဲတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးမှုပြုလုပ်နေဆဲပဲဖြစ်ပါတယ်။

We Love Cele

Source-စာစောင်တစ်ခုတွင် မေသစ္စာ ရေးသားဖော်ပြထားသော အကြောင်းအရာများအား ကိုးကားဖော်ပြထားခြင်းဖြစ်ပါသည်။

Credit-မေသစ္စာ

Loading...

Facebook Comments