မသေခင် ကတည်း က ကြိုတင်နိမိတ်ဖတ်ခဲ့တယ် လို့ ပရိသတ်တွေသုံးသပ်နေကြတဲ့ မင်းသွေးရဲ့ စကားတစ်ခွန်း

မနေ့ညက ရုတ်တရက် သေဆုံးသွားခဲ့တဲ့ သရုပ်ဆောင်မင်းသားချော မင်းသွေးရဲ့ နာရေးသတင်းကတော့ ပရိသတ်တွေရဲ့ ဝမ်းနည်းစရာအကောင်းဆုံးသတင်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ် ။ ဘယ်သူမှမထင်ထားခဲ့တာကြောင့် အနုပညာလောကသားတွေနဲ့အတူ ပရိသတ်တွေအားလုံးပါ ယူကြုံးမရဖြစ်ကာ ဝမ်းနည်းပူဆွေးခဲ့ရတာတွေ့ရပါတယ်။ ဒီနေ့ ပရိသတ်တွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာတော့ မင်းသွေးတစ်ယောက် အတွက် စိတ်မကောင်း ဖြစ်နေကြသူတွေရဲ့ ဆုတောင်းစကားတွေကို လည်းတွေ့ရပါတယ်။

မင်းသွေးတစ်ယောက် မသေခင် နိမိတ်ပြခဲ့လေသလားလို့ ပရိသတ်တွေအကြားမှာ ပြောဆိုနေကြတဲ့ အင်တာဗျူးခန်းလေးတစ်ခုလည်း ထွက်ပေါ်လို့ လာနေပါတယ် ။ MRTV Entertainment ကနေ ထုတ်လွှင့်နေတယ့် Cele Chitchat မှာ မင်းသွေးတစ်ယောက် အင်တာဗျူးတဲ့သူက တစ်ရက်ပဲအသက်ရှင်ရတော့မယ်ဆိုရင် ဘာလုပ်မလဲမေးတော့ ဖြစ်သလိုပဲနေမယ်တဲ့…။ အဆိုပါ အင်တာဗျူးလေးကို ဒီနှစ်အစောပိုင်းမှာ ဖြေဆိုခဲ့တာ ဖြစ်ပြီး မင်းသွေးတစ်ယောက် အခုလိုဖြေဆိုခဲ့တာဟာ ကြိုတင်နိမိတ်ပြနေသလားလို့ ပရိသတ်တွေက နှမြောတသ ဖြစ်နေကြတာလည်း ဖြစ်ပါတယ် ။

ရုတ်တရက် သေဆုံးသွားခဲ့တဲ့ သရုပ်ဆောင် မင်းသွေး ရဲ့ ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံ၊ ရင်ခွဲရုံကနေ ရေဝေးသုသာန်၊ အအေးတိုက်သို့ ဒီကနေ့၊ အောက်တိုဘာလ (၄) ရက်နေ့ နေ့လည်ပိုင်းမှာ အနုပညာမောင်နှမတွေနဲ့ အတူ ပို့ဆောင်ခဲ့ပါတယ်။ မင်းသွေး ရဲ့ ဈာပနကို လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်မယ်လို့ ကနဦးပြောဆိုချက်များ ကြားသိရပါတယ်။ အကြွေစောခဲ့ရသူ မင်းသွေးရဲ့ နိမိတ်ပြစကားအဖြစ် ပရိသတ်တွေ ပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး မှတ်ချက်မှာ အမြင်တွေသလောထားတွေပြောပြပေးခဲ့ကြပါနော် ။

Source – Cele Chitchat / MRTV Entertainment

Facebook Comments

Loading...

Facebook Comments