ချစ်သူ အာင်သူက သဝန်တိုပေမယ့် နားလည်မှုရှိပါတယ်ဆိုတဲ့ ပိုးအိအိခန့်

အခုလက်ရှိအချိန် ပရိသတ်တွေကြားမှာရေးပန်းစားလာပြီး လူသိများလာတဲ့ မော်ဒယ်ပိုးအိအိခန့်ကတော့ လက်ရှိသူမရဲ့ချစ်သူ ထိုင်းလိဂ်ဝမ်း ကလပ် police tero အသင်းမှာ ကစားနေတဲ့ မြန်မာ့နိုင်ငံ့လက်ရွေးစင်ဘောလုံးသမား အောင်သူက သဝန်အရမ်းတိုပေမဲ့လည်း နားလည်မှုတော့ရှိတယ်လို့ ဆိုလာပြီး တစ်ယောက်တစ်နိုင်ငံဆီဖြစ်နေတာကြောင့် လွမ်းလဲလွမ်းတယ်လို့ ဆိုပါတယ်။ပိုးအိအိခန့်က ဘောလုံးသမားကိုရွေးချယ်တာမဟုတ်ဘဲ အောင်သူက proposeလာလုပ်တဲ့အချိန်မှာ သူရဲ့စိတ်နေစိတ်ကို သဘောကျတဲ့အတွက်ကြောင့် ချစ်သူတွေဖြစ်သွားကြတာ ဖြစ်ပါတယ်။

လက်ရှိအချစ်ရေးအကြောင်းနဲ့ ပတ်သက်ပြီး MC7 ရဲ့အင်တာဗျူးတစ်ခုမှာတော့”လက်ရှိအချစ်ရေးက အဆင်ပြေပါတယ် လွမ်းလဲလွမ်းပါတယ်။”ပိုးအိအိခန့်က ပြောသွားခဲ့ပါတယ်။ ဆက်လက်ပြီး ဘောလုံးသမားတစ်ယောက်ကို ဘာလို့ရွေးချယ်တာလဲဆိုတဲ့မေးခွန်းကိုတော့ ပိုးအိအိခန့်က”ဘောလုံးသမားကိုရွေးချယ်တာတော့မဟုတ်ဘူးပေါ့နော် သူကကိုယ့်ကိုလာပြီးတော့ proposeလုပ်တဲ့အချိန်မှာ သူ့ရဲ့စိတ်နေစိတ်ထားတွေကိုသဘောကျလို့ ချစ်သူဖြစ်သွားတာပေါ့။”လို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။

ဘောလုံးသမားအောင်သူက သဝန်တိုတတ်လားဆိုတဲ့ မေးခွန်းမှာတော့ ပိုးအိအိခန့်က “အင်းပေါ့ သဝန်တိုတာပေါ့ ဒါပေမဲ့လည်းသူကနားလည်မှုရှိပါတယ်။ ဖုန်းမပြောဖြစ်တဲ့နေ့လည်း မရှိဘူး နေ့တိုင်းပြောတယ် မအားတဲ့ကြားထဲကနေအချိန်ပေးပြီးတော့ သူကလဲဆက်တယ် ကိုယ်ကလဲဆက်တယ် မပြောဖြစ်တဲ့နေ့မရှိဘူး အဲ့လိုရှိရင်လဲ စိတ်ဆိုးမှာ။”လို့ ပြောသွားခဲ့ပါတယ်။

ဘယ်တော့လောက်လက်ထက်ဖြစ်မလဲဆိုတဲ့မေးခွန်းမှာတော့”အော်..အဲ့တာကတော့အများကြီးလိုပါသေးတယ် သူလဲအခုအချိန်မှာပြည်သူတွေအတွက် နိုင်ငံအတွက်ပေးဆပ်ရအုန်းမယ် ညီမလည်းချစ်တဲ့ပရိသတ်တွေအတွက်ပေးဆပ် ရဦးမယ်ဆိုတော့ အချိန်တွေလိုပါသေးတယ်။ ညီမတို့နှစ်ယောက်ကို ချစ်ကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ် ပရိသတ်ကြီးက ချစ်လို့အရမ်းလဲ ပျော်ပါတယ်။”လို့ ဖြေဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့”ပိုးအိအိခန့်ဆိုပြီးတော့ သိတဲ့သူနည်းပါတယ်ဒါပေမဲ့ ဒီလိုသိတဲ့သူနည်းတဲ့အထဲကမှ ကိုယ့်ကိုအားပေးကြတဲ့ ပရိသတ်ကြီးကိုပေါ့နော် ကျေးဇူးအများကြီးတင်ပါတယ် ကိုယ်ကဘာမှမဟုတ်သေးပါဘူးနော် ဘာမှမဟုတ်သေးတဲ့အပေါ်မှာ ဘာမှမဟုတ်အလျောက်ကို အားပေးတဲ့ ပရိသတ်ကြီးအတွက် အခွင့်အရေးရရင်ရသလိုမျိုး ပရိသတ်အတွက်ပေးဆပ်သွားပါမယ်။”လို့ ပရိသတ်တွေကို နှုတ်ဆက်စကားပြောသွားခဲ့ပါတယ်။

Source : nanmalgyi

Loading...

Facebook Comments