ခင်ပွန်းဖြစ်သူ အိမ်ပေါ်ကဆင်းသွားလို့ ကြိုးဆွဲချသေဆုံးလိုက်တဲ့ မမိုးမိုးဝင်း အသက်၁၉နစ်

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု မြင်းချောင်းကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက အသက်၁၉နစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းပုသိမ်မြို့မရဲစခန်းမှ သိရှိရသည်။

စက်တင်ဘာလ၂၈ ရက်ညနေ ၅နာရီခွဲခန့်တွင်ပုသိမ်မြို့ဇင်ပြွန်းကုန်းကျေးရွာအုပ်စု မြင်းချောင်းကျေးရွာတွင်နေထိုင်သူ မမိုးမိုးဝင်းသည် နေအိမ်နောက်ဖက်ခန်းအမြင့်၁၀ပေကျော်ရှိထုတ်တန်းတွင် ကြိုးဆွဲချသေဆုံးနေကြောင်း ဌင်း၏အစ်မဖြစ်သူမှ တွေ့ရှိခဲ့ရပီး ပုသိမ်မြို့မစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ပုသိမ်မြို့မရဲစခန်းမှူးဒုရဲမှူးမျိုးသူဦးဆောင်သောအဖွဲ့နှင့်ကျေးရွာသက်သေများနဲ့ အတူသွားရောက်စစ်ဆေးရာ မမိုးမိုးဝင် ၁၉ နှစ်(ဘ)ဦးခင်မောင်ရင်သည် နေအိမ်ကြမ်းပြင်ပေါ်တွင် ကြိုးတန်းလန်းဖြင့်သေဆုံးနေကြောင်းတွေ့ရှိရပြီး သေဆုံးသူမှာလယ်ပင်းကြိုးပွန်းဒဏ်ရာအပြင် ကြိုးဆွဲချသေဆုံးသူတို့၏လက္ခဏာများတွေ့ရှိခဲ့ကြောင်းတွေ့ရှိ၍ပုသိမ်မြို့ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

*ကြိုးဆွဲချပီးသေဆုံးတဲ့လက္ခဏာအတိုင်းပဲ စစ်ဆေးတွေ့ရှိခဲ့ပါတယ်မသကာင်္စရာထွေထွေထူးထူးမတွေ့ရတဲ့အတွက်သေမူသေခင်းပဲ အမူဖွင့်ဆောင်ရွက်ထားပါတယ်*ဟု အဆိုပါအမူကို စစ်ဆေးနေသောပုသိမ်မြို့မစခန်းမှရဲအုပ်မြင့်ထွန်းနိင်က ဧရာဝတီတိုင်းမ်းသို့ပြောကြားသည်။

သေဆုံးသူ၏ ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့သော ၄ရက်ခန့်က နေအိမ်မှဆင်းသွားပီး စိတ်ညစ်ကာယခုလို မိမိကိုယ်ကိုယ်သေကြောင်းကြံခြင်းဖြစ်နိင်ကြောင်း ဒေသခံရွာသားအချို့ကသုံးသပ်သည်။

အဆိုပါ မမိုးမိုးဝင်း သေဆုံးမှုနှင့်ပက်သက်၍ ပုသိမ်မြို့မစခန်းက သေမှုသေခင်းအမှတ် ၁၉/၂၀၁၈နဲ့ အမှုဖွင့်ထားပီး ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Credit: gyanpone

Loading...

Facebook Comments