တပ်မတော်မှ ဗိုလ်ကြီးဆိုပြီး မိန်းမလာတောင်းသူကို မသင်္ကာလို့ စစ်ဆေးကြည့်ရာ

တပ်မတော်မှ ဗိုလ်ကြီးဟုဆိုကာ မိန်းမလာတောင်းသူ အယောင်ဆောင်မှုဖြင့် ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် တပ်မတော်မှ ဗိုလ်ကြီးဟု ဆိုကာ မိန်းမလာတောင်းသူကို စစ်ဆေးရာ အရာရှိအဖြစ် လိမ်လည်ကြောင်း ပေါ်ပေါက်ခဲ့သည့် အတွက် အယောင်ဆောင်မှုဖြင့် ဖမ်းဆီးထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနကသိရသည်။

မိုးညှင်းမြို့နယ်၊ အလယ်တောကျေးရွာနေ မစိုးသန္တာဇော် ၏ နေအိမ်သို့ ဗိုလ်ကြီး တစ်ဦးမှ ၎င်းအား လာရောက်တောင်းရမ်းနေကြောင်း သတင်းပို့လာသဖြင့် ခမရ(၃၈၅) တပ်မတော်သားများမှ သွားရောက်မေးမြန်းရာ စစ်ယူနီဖောင်းဝတ်လျက် ၎င်းမှာ ဗိုလ်ကြီးထူးမြတ်ဝင်း(ခ)မင်းမင်း(၃၀)နှစ် ရပခ(ဦးစီး-တ-ရေး ၃)မှဖြစ်ကြောင်း ပြောဆိုသဖြင့် ရပခသို့ ဖုန်းဆက်မေးမြန်းရာ အဆိုပါအမည်/ရာထူးဖြင့် အရာရှိမှာ ၎င်းတို့ တိုင်းဌာနချုပ်တွင် မရှိကြောင်းကို စစ်ဆေးသိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ထူးမြတ်ဝင်း(ခ)မင်းမင်း(ဖမ်းမိ)အား နန်းမားနယ်မြေရဲစခန်း (ပ)၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၄၀/၁၇၀(စစ်ဝတ်တန်ဆာဝတ်ဆင်မှု/ တပ်မတော်သားအယောင်ဆောင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထက်အောင်ဖြိုး (ဓာတ်ပုံ – ပြည်ထဲရေး ဝန်ကြီးဌာန)

Pyi Myanmar

Loading...

Facebook Comments